Lectionary Calendar
Wednesday, April 22nd, 2026
the Third Week after Easter
Attention!
Take your personal ministry to the Next Level by helping StudyLight build churches and supporting pastors in Uganda.
Click here to join the effort!

Read the Bible

Myanmar Judson Bible

အသားသည် 27

1 ထိုကာလ၌ ထာဝရဘုရားသည် ပြေးတက်သော မြွေလဝိသန် ကို၎င်း၊ လိမ်သောမြွေလဝိသန်ကို၎င်း ခိုင်ခံ့ ကြီးမားသော ထားတော်နှင့် ဒဏ်ပေး၍၊ ပင်လယ်၌ ရှိသော နဂါးကိုလည်း သတ်တော်မူလိမ့်မည်။2 ထိုကာလ၌ စပျစ်ဥယျာဉ်ကို အကြောင်းပြု၍၊ ဤသို့ သီချင်းဆိုကြလော့။3 ငါထာဝရဘုရားသည် ဥယျာဉ်စောင့်ဖြစ်၏။ မ ခြားမလပ်ရေလောင်းမည်။ အဘယ်သူမျှ မဖျက်စေခြင်း ငှါ၊ နေ့ညဉ့်မပြတ် စောင့်ရှောက်မည်။4 ငါ့အမျက်ငြိမ်းပြီ။ ဆူးပင်မျိုးကိုမူကား၊ စစ်ပွဲ၌ ငါတွေ့ပါစေသော။ချက်ချင်းတိုက်၍ တပြိုင်နက်မီးရှို့ မည်။5 သို့မဟုတ် ငါ၏အစွမ်းသတ္တိကို ကိုးစား၍၊ငါနှင့် မိဿဟာယ ဖွဲ့ကြစေ။ ငါနှင့် မိဿဟာယ ဖွဲ့ကြစေ သော။6 နောင်ကာလ၌ ယာကုပ်သည် အမြစ်ကျလိမ့် မည်။ ဣသရေလသည် စိမ်းလန်း၍ အဖူးအငုံ ထွက်သ ဖြင့်၊ လောကီနိုင်ငံကို အသီးနှင့် ပြည့်စေလိမ့်မည်။

7 သူ့ကိုညှဉ်းဆဲသောသူတို့ကို ညှဉ်းဆဲတော်မူသည် နည်းတူ၊ သူ့ကို ညှဉ်းဆဲတော်မူသလော။ သူ့ကိုသတ်သော သူတို့သည် အသေသတ်ခြင်းကို ခံရကြသည်နည်းတူ၊ သူ သည်အသေသတ်ခြင်းကို ခံရသလော။8 သူ့ကို စွန့်ပစ်၍ အတော်အတန် ဆုံးမတော်မူ ၏။ အရှေ့လေလာသောအခါ၊ ပြင်းစွာသောလေဖြင့် တိုက်သွားတော်မူ၏။9 ထိုသို့ယာကုပ်အမျိုးသည် ယဇ်ပလ္လင်ကျောက်တို့ ကို ထုံးကျောက်ကဲ့သို့ ချိုးဖဲ့၍၊အာရှရပင်နှင့် ရုပ်တုတို့ကို လှဲသောအခါ၊ မိမိအပြစ်ပြေ၍၊ အပြစ်ပြေရှင်းခြင်း အ ကျိုးကျေးဇူးရှိသမျှကို ခံရလိမ့်မည်။10 သို့သော်လည်း၊ ခိုင်ခံ့သောမြို့သည်၊ ဆိတ်ညံ သောအရပ်၊ တောကဲ့သို့ စွန့်၍ ပစ်ထားသောနေရာဖြစ် လိမ့်မည်။ ထိုအရပ်၌ နွားသငယ်သည် ကျက်စားလျက်၊ အိပ်လျက်နေ၍၊ အညွန့်များကို ကိုက်စားလိမ့်မည်။11 အခက်အလက်တို့သည် သွေ့ခြောက်သောအခါ ချိုးခြင်းသို့ရောက်၍၊ မိန်းမတို့သည် လာ၍မီးရှို့ကြလိမ့် မည်။ အကြောင်းမူကား၊ ပညာမဲ့သောအမျိုးဖြစ်၏။ ထို့ ကြောင့်၊ဖန်ဆင်းပြုပြင်တော်မူသောသူသည် မသနား၊ ကျေးဇူးမပြုဘဲ နေတော်မူလိမ့်မည်။12 အိုဣသရေလ အမျိုးသားတို့၊ ထိုကာလ၌လည်း၊ ထာဝရဘုရားသည် မြစ်ကြီးမှစ၍၊ အဲဂုတ္တုမြစ်တိုင်အောင် သစ်သီးများကို သိမ်းယူတော်မူသဖြင့်၊ သင်တို့သည် တ ယောက်နောက် တယောက်၊ ကောက်သိမ်းခြင်း ကျေးဇူး တော်ကို ခံရကြလိမ့်မည်။13 ထိုကာလ၌လည်း၊ ကြီးသောတံပိုးကို မှုတ်ရလိမ့် မည်။ အာရှုရိပြည်၌ပျောက်သောသူ၊ အဲဂုတ္တုပြည်၌ စွန့် ပစ်သောသူတို့သည်လာ၍၊ယေရုရှလင်မြို့တွင်၊သန့်ရှင်းသော တောင်ပေါ်မှာ ထာဝရဘုရားရှေ့တော်၌ ဝတ်ပြု၍ ကိုး ကွယ်ကြလိမ့်မည်။

 
adsfree-icon
Ads FreeProfile