Lectionary Calendar
Thursday, April 2nd, 2026
Maundy Thursday
There are 3 days til Easter!
Attention!
Take your personal ministry to the Next Level by helping StudyLight build churches and supporting pastors in Uganda.
Click here to join the effort!

Read the Bible

Myanmar Judson Bible

အသားသည် 26

1 ထိုကာလ၌ ယုဒပြည်မှာ သီချင်းဆိုလတံ့သောစ ကားဟူမူကား၊ ငါတို့၌ ခိုင်ခံ့သော မြို့ရှိ၏။ ကယ်တင်ခြင်း ကျေးဇူးကို ပြအိုး၊ ရင်တားအရာ၌ စီရင်ခန့်ထားတော်မူ လိမ့်မည်။2 တံခါးတို့ကို ဖွင့်ကြလော့။3 သစ္စာစောင့်၍ ဖြောင့် မတ်သော လူမျိုးဝင် ပါ စေ။ စိတ်နှလုံးတည်ကြည်သောသူ သည် ကိုယ်တော်၌ ခိုလှုံသောကြောင့်၊ ငြိမ်သက်ခြင်း သက်သက်ရှိမည့် အကြောင်းစောင့်ရှောက်တော်မူလိမ့်မည်။4 ထာဝရဘုရား၌ အစဉ်အမြဲ ခိုလှုံကြလော့။ ထာ ဝရဘုရားသည် နိစ္စထာဝရ ခိုလှုံရာဖြစ်တော်မူ၏။

5 မြင့်သောအရပ်၌ နေသောသူတို့ကို ရှုတ်ချတော် မူ၏။ မြင့်မြတ်သောမြို့ကိုဖြို၍၊ မြေတိုင်အောင် နှိမ့်ချ လျက် မြေမှုန့်ထဲမှာ ထားတော်မူ၏။6 ကျော်နင်းခြင်းကို ခံရလိမ့်မည်။ ဆင်းရဲသောသူ နှင့် ငတ်မွတ်သောသူတို့သည် ကျော်နင်းကြလိမ့်မည်။7 ဖြောင့်မတ်သောသူသည် ဖြောင့်သောလမ်း ၌ သွားတတ်၏။ အိုဖြောင့်မတ်တော်မူသောဘုရား၊ ကိုယ် တော်သည် ဖြောင့်မတ်သောသူ၏ လမ်းခရီးကို ပြင်ဆင် တော်မူ၏။8 အိုထာဝရဘုရား၊ အကျွန်ုပ်တို့သည် တရားတော် လမ်း၌ သွားလျက်၊ ကိုယ်တော်ကို မြော်လင့်၍၊ ကိုယ်တော် ၏အမည်၊ ဘွဲ့နာမတော်ကို စိတ်နှလုံး၌ တသလျက်ရှိပါ ၏။9 ညဉ့်အခါ အကျွန်ုပ်သည် စိတ်နှလုံးနှင့် ကိုယ် တော်ကို တောင့်တပါ၏။ နံနက်အခါ အကျွန်ုပ်သည် အတွင်းဝိညာဉ်အားဖြင့် ကိုယ်တော်ကိုရှာပါ၏။ မြေပေါ် မှာ အမှုကို စစ်ကြော စီရင်တော်မူသောအခါ၊ လောကီ သားတို့သည် တရားကိုသင်ကြ၏။10 မတရားသောသူသည် ကျေးဇူးကိုခံရသော် လည်း၊ တရားကို မသင်တတ်ပါ။ တရားကျင့်ရာပြည်၌ပင် အဓမ္မပြု၍၊ ထာဝရဘုရား၏ ဘုန်းတော်ကို ပမာဏမပြု တတ်ပါ။11 အိုထာဝရဘုရား၊ လက်တော်ကိုချီတော်မူသော် လည်း၊ သူတို့သည် မမြင်မမှတ်ကြပါ။ သို့သော်လည်း၊ ကိုယ်တော်၏ လူတို့အဘို့ စိတ်အားကြီးတော်မူကြောင်းကို၊ သူတို့သည် မြင်၍ အရှက်ကွဲကြပါလိမ့်မည်။ ကိုယ်တော်၏ ရန်သူတို့ကို မီးလောင်ရပါလိမ့်မည်။

12 အိုထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ် တို့အား ငြိမ်သက်ခြင်းကို ပေးတော်မူလိမ့်မည်။ အ ကြောင်းမူကား၊ အကျွန်ုပ်တို့၏ အမှုရှိသမျှတို့ကို အကျွန်ုပ် တို့အဘို့ ပြုတော်မူ၏။13 အကျွန်ုပ်တို့၏ ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်မှ တပါး အခြားသောသခင်တို့သည် အကျွန်ုပ် တို့ကို အစိုးရကြပြီ။ ယခုမူကား၊ ကိုယ်တော်အားဖြင့်သာ နာမတော်ကို ချီးမွမ်းကြပါမည်။14 ထိုသခင်တို့သည် သေကြပါပြီ။ တဖန် အသက်မ ရှင်ရကြပါ။ သင်္ချိုင်းသားဖြစ်၍ ထမြောက်ခြင်းမရှိရကြ ပါ။ သူတို့ကို ကြည့်ရှုဖျက်ဆီး၍၊ သူတို့၏အမှတ်မျှ မရှိစေ ခြင်းငှါ ပယ်ရှင်းတော်မူပြီ။15 အိုထာဝရဘုရား၊ အကျွန်ုပ်တို့အမျိုးကို တိုးပွါး စေတော်မူပြီ။ အကျွန်ုပ်တို့ အမျိုးကိုတိုးပွါးစေသဖြင့်၊ ဘုန်းကြီးတော်မူ၏။ ပြည်တော်ကို ပတ်ဝန်းကျင်၌ ကျယ် စေတော်မူပြီ။16 အိုထာဝရဘုရား၊ သူတို့သည် ဆင်းရဲခံရသော အခါ၊ ကိုယ်တော်၌ ဆည်းကပ်ကြပါပြီ။ ဆုံးမတော်မူသော အခါ၊ ဆုတောင်းပဌနာ စကားကိုသွန်းလောင်းကြပါပြီ။17 ကိုယ်ဝန်ဆောင်သောမိန်းမသည် သားဘွားချိန် နီးသောအခါ နာကျင်၍၊ နာကျင်ခြင်းဝေဒနာကြောင့် အော်ဟစ်သကဲ့သို့၊ ထိုအတူ၊ အိုထာဝရဘုရား၊ အကျွန်ုပ် တို့သည် ရှေ့တော်၌ ဖြစ်ကြပါပြီ။18 အကျွန်ုပ်တို့သည် ကိုယ်ဝန်ဆောင်၍ နာကျင် ခြင်း ဝေဒနာကို ခံရသော်လည်း၊ လေကို ဘွားသကဲ့သို့ ဖြစ်ကြပါပြီတကား။ ပြည်သားတို့သည် ကယ်တင်ခြင်းသို့ မရောက်ကြ။ လောကီသားတို့သည် မလဲကြပါ။19 ကိုယ်တော်၏လူသေတို့သည် အသက်ရှင်ကြပါ လိမ့်မည်။ ငါ၏အသေကောင်တို့သည်လည်း ထမြောက် ကြပါလိမ့်မည်။ မြေမှုန့်၌နေသောသူတို့၊ နိုး၍သီချင်းဆို ကြလော့။ အကြောင်းမူကား၊ ကိုယ်တော်၏ နှင်းသည် မြက်ပင်တို့ကို ပေါက်စေသော နှင်းကဲ့သို့ ဖြစ်၍၊ မြေသည် လည်း မိမိသင်္ချိုင်းသားတို့ကို ထုတ်ဘော်ရပါလိမ့်မည်။

20 ငါ၏လူတို့၊ လာကြ။ အတွင်းအခန်းထဲသို့ ဝင်၍၊ သင်တို့ကို ကွယ်ကာသော တံခါးများကို ပိတ်ထားကြ။ အမျက်ကာလ လွန်သည်တိုင်အောင် ခဏသာပုန်းရှောင် ၍ နေကြလော့။21 အကြောင်းမူကား၊ ထာဝရဘုရားသည် မြေကြီး သားတို့ကို၊ သူတို့ဒုစရိုက်ကြောင့် အပြစ်ပေးလိုသောငှါ၊ မိမိအရပ်ဌာနထဲက ထွက်တော်မူ၏။ ထိုအခါ မြေကြီး သည် မိမိ၌ရှိသော အသွေးကိုဘော်ပြရလိမ့်မည်။ မိမိ၌ အသေခံရသောသူတို့ကို နောက်တဖန် ဝှက်၍မထားရ။

 
adsfree-icon
Ads FreeProfile