Lectionary Calendar
Wednesday, April 22nd, 2026
the Third Week after Easter
Attention!
Take your personal ministry to the Next Level by helping StudyLight build churches and supporting pastors in Uganda.
Click here to join the effort!

Read the Bible

Myanmar Judson Bible

ခေါင်းလောင်း 43

1 အိုဘုရားသခင်၊ အကျွန်ုပ်အမှု၌ တရားဆုံးဖြတ် တော်မူပါ။ ကရုဏာမရှိသော လူမျိုးတဘက်ကနေ၍ အကျွန်ုပ်အမှုကို စောင့်တော်မူပါ။ သစ္စာမရှိ၊ မတရား သောသူ၏လက်မှ အကျွန်ုပ်ကို ကယ်လွှတ်တော်မူပါ။2 ကိုယ်တော်သည် အကျွန်ုပ်ခိုလှုံရာ ဘုရား ဖြစ်တော်မူ၏။ အကျွန်ုပ်ကိုအဘယ်ကြောင့် စွန့်ပစ်တော်မူ သနည်း။ ရန်သူညှဉ်းဆဲနှိပ်စက်ခြင်းကိုခံရ၍၊ အကျွန်ုပ် သည် ကြမ်းတမ်းသော အဝတ်ကိုဝတ်လျက် အဘယ် ကြောင့် နေရပါသနည်း။3 အလင်းတော်နှင့်သစ္စာတော်ကို စေလွှတ်တော်မူ ပါ။ သူတို့သည် လမ်းပြ၍ သန့်ရှင်းသောတောင်တော်သို့၎င်း၊ တဲတော်သို့၎င်း အကျွန်ုပ်ကို ပို့ဆောင်ပါစေသော။4 သို့ပြုလျှင် ဘုရားသခင်၏ ယဇ်ပလ္လင်သို့၎င်း၊ အကျွန်ုပ် ဝမ်းမြောက်ရွှင်လန်းရာ ဘုရားသခင်ထံတော် သို့၎င်း အကျွန်ုပ်သည် ရောက်လာ၍၊ ကိုယ်တော်ကို စောင်းတီးလျက် ချီးမွမ်းထောမနာပြုပါမည်ဘုရား၊ အကျွန်ုပ်ဘုရား။5 အိုငါ့ဝိညာဉ်၊ သင်သည်အဘယ်ကြောင့် ညှိုးငယ် သနည်း။ ငါ့အထဲမှာအဘယ်ကြောင့် မငြိမ်မဝပ်ရှိသ နည်း။ ဘုရားသခင်ကို မြော်လင့်လျက်နေလော့။ ငါ့ကို ကယ်တင်တော်မူသောအရှင်၊ ငါကိုးကွယ်သောဘုရား သခင်၏ကျေးဇူးတော်ကို ငါချီးမွမ်းထောမနာ ပြုရလေအံ့ သတည်း။

 
adsfree-icon
Ads FreeProfile