the Third Week after Easter
Click here to learn more!
Read the Bible
Myanmar Judson Bible
áá±á«ááºá¸áá±á¬ááºá¸ 101
1 ငါသည် သနားစုံမက်ခြင်း၊ တရားသဖြင့် စီရင် ခြင်းကို အကြောင်းပြု၍ သီချင်းဆိုပါမည်။ အို ထာဝရ ဘုရား၊ ရှေ့တော်၌ သီချင်းဆိုပါမည်။2 စုံလင်သော တရားအတိုင်း ပညာသတိနှင့် ကျင့်ပါမည်။ ကိုယ်တော်သည် အကျွန်ုပ်ဆီသို့ အဘယ် ကာလမှ ကြွလာတော်မူမည်နည်း။ ကိုယ်အိမ်တွင် သန့်ရှင်းသော စိတ်နှလုံးနှင့်ကျင့်ပါမည်။3 အဓမ္မအမှုအရာကို မျက်မှောက်မပြုပါ။ လမ်းလွှဲ သော သူ၏ အမှုကို ရွံရှာသည်ဖြစ်၍၊ ငါ၌ မမှီမကပ်ရ။4 သဘောကောက်သော သူသည် ငါ့ထံမှ ထွက် သွားရမည်။ မကောင်းသောသူနှင့် ငါမပေါင်းဘော်။5 မိမိအိမ် နီးချင်း၏ အသရေကို တိတ်ဆိတ်စွာ ဖျက်သော သူကို ငါပယ်ဖြတ်မည်။ မျက်နှာထောင်လွှား၍ စိတ်မြင့်သောသူကို သည်းမခံ။6 သစ္စာရှိသော ပြည်သားတို့ သည် ငါ့ထံမှာ နေမည် အကြောင်း သူတို့ကို ငါကြည့်ရှုမည်။ စုံလင်သောတရား၌ ကျင်လည်သောသူသည် ငါ၏ အမှုကို ဆောင်ရွက်ရမည်။7 လှည့်စားတတ်သောသူမူကား၊ ငါ့အိမ်၌ မနေရ။ မုသာစကားကို ပြောတတ်သော သူသည်လည်း၊ ငါ့မျက်မှောက်၌ အခွင့်မရှိရ။8 ဆိုးသောအမှုကို ပြုသောသူအပေါင်းတို့ကို ထာဝရဘုရား၏ မြို့တော်မှ ပယ်ဖြတ်မည်အကြောင်း၊ မတရားသော ပြည်သားရှိသမျှတို့ကို စောစောဖျက်ဆီး လေအံ့သတည်း။