Lectionary Calendar
Thursday, April 2nd, 2026
Maundy Thursday
There are 3 days til Easter!
Attention!
Tired of seeing ads while studying? Now you can enjoy an "Ads Free" version of the site for as little as 10¢ a day and support a great cause!
Click here to learn more!

Read the Bible

Myanmar Judson Bible

မစ်ကယ်စတန်း 7

1 ငါသည် အမင်္ဂလာရှိ၏။ နွေကာလ၌ ဆွတ်သော သင်္ဘောသဖန်းသီးကဲ့သို့၎င်း၊ လိုက်၍ ကောက်သော စပျစ်သီး အကျန်အကြွင်းကဲ့သို့၎င်း ငါဖြစ်၏။ စားစရာ ဘို့ စပျစ်သီးပြွတ်မရှိ။ အဦးမှည့်သော သင်္ဘောသဖန်းသီး ကို ငါတောင့်တရ၏။2 ကောင်းသော ပြည်သားအပေါင်းတို့သည် ကွယ် ပျောက်ကြပြီ။ ဖြောင့်မတ်သော သူတယောက်မျှမရှိ။ ခပ်သိမ်းသော သူတို့သည် လူအသက်ကို သတ်ခြင်းငှါ ချောင်း၍ ကြည့်တတ်ကြ၏။ အချင်းချင်း တယောက်ကို တယောက် ကျော့ကွင်းနှင့်ဘမ်းတတ်ကြ၏။3 ဒုစရိုက်ကို ကြိုးစား၍ပြုခြင်းငှါ အသင့်ရှိကြ၏။ မင်းသည် လက်ဆောင်ကို တောင်းတတ်၏။ တရားသူကြီး သည် တံစိုးကို စားတတ်၏။ သူတပါးထက်ကြီးသော သူ သည် မတရားသော လောဘကို ထင်ရှားစေတတ်၏။ ထိုသို့အမှုကို ရှုပ်စေခြင်းငှါ ပြုတတ်ကြ၏။4 အကောင်းဆုံးသော သူသည် ဆူးပင်ကဲ့သို့ ဖြစ် ၏။ အဖြောင့်ဆုံးသော သူသည် ဆူးခြံထက် ခက်လှ၏။သင်၏ကင်းစောင့်တို့သည် သတိပေးသောနေ့၊ သင်စစ် ကြောခြင်းကို ခံရသောနေ့ရက်သည် ရောက်လာပြီ။ နှိပ် စက်နှောင့်ရှက်ရာကာလဖြစ်၏။5 အဆွေခင်ပွန်းကို မယုံနှင့်။ လမ်းပြသော သူကို အမှီမပြုနှင့်။ သင့်ရင်ခွင်၌ အိပ်သော မယားကို မယုံမူ၍၊ သင့်နှုတ်တံခါးကို ပိတ်ထားလော့။6 အကြောင်းမူကား၊ သားသည် အဘ၏အသရေ ကို ဖျက်လိမ့်မည်။ သမီးသည် အမိကို၎င်း၊ ချွေးမသည် ယောက္ခမကို၎င်း ရန်ဘက်ပြုလိမ့်မည်။ ကိုယ်အိမ်သူ အိမ် သားတို့သည်လည်း ကိုယ်ရန်သူဖြစ်ကြလိမ့်မည်။

7 ငါမူကား၊ ထာဝရဘုရားကို မြော်လင့်မည်။ ငါ့ကို ကယ်တင်တော်မူသော ဘုရားသခင်ကို ငါခိုလှုံမည်။ ငါ၏ဘုရားသခင်သည် ငါ့စကားကို နားထောင်တော် မူမည်။8 အချင်းရန်သူ၊ ငါ့အပေါ်မှာ ဝါကြွားဝမ်းမြောက် ခြင်း မရှိနှင့်။ ငါလဲသော်လည်း ထဦးမည်။ မှောင်မိုက်၌ ထိုင်ရသော်လည်း၊ ထာဝရဘုရားသည် ငါ၏အလင်းဖြစ် တော်မူလိမ့်မည်။9 ငါသည် ထာဝရဘုရားကို ပြစ်မှားသောကြောင့်၊ အမျက်တော်ကို ခံရ၏။ ငါ့အမှုကို စစ်ကြော၍ တရားဆုံး ဖြတ်တော်မမူမှီတိုင်အောင် ငါခံရ၏။ ငါ့ကို အလင်းထဲသို့ ထုတ်၍ နေရာပေးတော်မူသောအားဖြင့် ဖြောင့်မတ်ခြင်း ပါရမီတော်ကို ငါမြင်ရလိမ့်မည်။10 သင်၏ဘုရားဘုရားသခင်ထာဝရဘုရားကား၊ အဘယ်မှာရှိသနည်းဟု မေးသော ငါ့ရန်သူသည် ထိုအမှု ကို မြင်၍ ရှက်ကြောက်လိမ့်မည်။ သူ၌ငါ့စိတ်ပြေလိမ့် မည်။ သူသည် လမ်းမှာ ရွံ့ကဲ့သို့ ကျော်နင်းခြင်းကို ခံရ လိမ့်မည်။11 သင်၏မြို့ရိုးတည်သောကာလသည် ရောက်လိမ့် မည်။ အမိန့်တော်အရှိန်ကုန်လိမ့်မည်။12 ထိုကာလ၌ အာရှုရိပြည်နှင့် အဲဂုတ္တုမြို့များမှ၎င်း၊ အဲဂုတ္တုပြည်နှင့် မြစ်ကြီးစပ်ကြားအရပ်မှ၎င်း၊ ပင်လယ်ကမ်းနားအရပ်ရပ်၊ တောင်ခြေရင်းအရပ်ရပ်တို့ မှ၎င်း၊ သင့်ထံသို့ လာကြလိမ့်မည်။13 ထိုသို့ မဖြစ်မှီ ပြည်သူပြည်သားပြုမိသော ဒုစ ရိုက်အပြစ်ကြောင့် ပြည်တော်သည် လူဆိတ်ညံလျက် ရှိရလိမ့်မည်။

14 ကိုယ်တော်၏လူတည်းဟူသော အပေါင်း အဘော်မရှိဘဲ၊ တောတွင် ကရမေလတောင်ပေါ်မှာ နေရ သော အမွေတော်သိုးစုကို သိုးထိန်းနှင်တံနှင့် ထိန်းတော် မူပါ။ ရှေးကာလ၌ ရှိသကဲ့သို့၊ ဗာရှန်ပြည်နှင့် ဂိလဒ်ပြည် ၌ ကျက်စားသော အခွင့်ကို ပေးတော်မူပါ။15 သင်သည် အဲဂုတ္တုပြည်မှ ထွက်သောနေ့၌ မြင် သည်အတိုင်း၊ တဖန်အံ့ဩဘွယ်သော အမှုတို့ကို ငါပြ မည်။16 လူအမျိုးမျိုးတို့သည် ငါ၏လူတို့၌ရှိသမျှသော တန်ခိုးကိုမြင်၍ မိန်းမောတွေဝေလျက်၊ မိမိတို့နှုတ်ကို လက်နှင့်ပိတ်၍ နားပင်းကြလိမ့်မည်။17 မြွေကဲ့သို့ မြေမှုန့်ကိုလျက်၍၊ တီကဲ့သို့တွင် ထဲက တုန်လှုပ်လျက် ထွက်ကြလိမ့်မည်။ ငါတို့ဘုရားသခင် ထာဝရဘုရားကို၎င်း၊ သင့်ကို၎င်း ကြောက်ရွံ့ကြလိမ့်မည်။18 အပြစ်မှလွှတ်တော်မူထသော၊ ကျန်ကြွင်းသော အမွေတော်လူတို့၏ လွန်ကျူးခြင်းများကို သည်းခံတော် မူထသော၊ ကရုဏာ၌ မွေ့လျော်သောကြောင့် အစဉ် အမျက်ထွက်တော်မမူသော ကိုယ်တော်ကဲ့သို့ အဘယ် ဘုရားရှိပါသနည်း။19 ကိုယ်တော်သည် အကျွန်ုပ်တို့ကို တဖန်သနား၍၊ အကျွန်ုပ်တို့၏ ဒုစရိုက်ရှိသမျှတို့ကို ကျော်နင်းတော်မူလိမ့် မည်။ အကျွန်ုပ်တို့၏ အပြစ်အလုံးစုံတို့ကို နက်နဲသော ပင်လယ်ထဲသို့ ချပစ်တော်မူလိမ့်မည်။20 ရှေးကာလမှစ၍ ဘိုးဘေးတို့အား ကျိန်ဆိုတော် မူသည်အတိုင်း၊ ယာကုပ်၌ သစ္စာစောင့်ခြင်း၊ အာဗြဟံ အား ကရုဏာကျေးဇူးပြုခြင်းကို စီရင်တော်မူလိမ့်မည်။

 
adsfree-icon
Ads FreeProfile