Lectionary Calendar
Tuesday, January 13th, 2026
the First Week after Epiphany
Attention!
Tired of seeing ads while studying? Now you can enjoy an "Ads Free" version of the site for as little as 10¢ a day and support a great cause!
Click here to learn more!

Read the Bible

Myanmar Judson Bible

ဂုဏ်ရေးဘူး 2

1 ငါး၏ဝမ်းထဲမှာနေစဉ်တွင်၊ ယောနသည် မိမိ ဘုရားသခင် ထာဝရဘုရားကို ဆုတောင်းသောစကားဟူ မူကား၊2 ငါသည် ဒုက္ခဆင်းရဲကို ခံရသောကြောင့်၊ ထာဝရ ဘုရားကို ဟစ်ခေါ်၍ ငါ့စကားကို ကြားတော်မူ၏။ မရ ဏာနိုင်ငံ၏ဝမ်းထဲက ဟစ်ခေါ်သော စကားသံကို နား ထောင်တော်မူ၏။3 ကိုယ်တော်သည် အကျွန်ုပ်ကို နက်နဲသောအရပ်၊ သမုဒ္ဒရာအလယ်ချက်ထဲသို့ ချပစ်တော်မူသဖြင့်၊ ပင်လယ် ရေသည် ဝိုင်း၍ လှိုင်းတံပိုးတော်ရှိသမျှတို့သည် လွှမ်းမွန်း ကြပါ၏။4 ထိုသို့ မျက်မှောက်တော်မှ နှင်ထုတ်ခြင်းကို ခံရ သော်လည်း၊ သန့်ရှင်းသောဗိမာန်တော်ကို မျက်မှောက်ပြု မြဲ ပြုပါမည်ဟု အောက်မေ့လျက်နေ၏။5 ရေတို့သည် အကျွန်ုပ်အသက်ကို သေစေခြင်းငှါ ဝိုင်းသဖြင့်၊ အကျွန်ုပ်သည် ပင်လယ်အလယ်၌ အချုပ်ခံရ ပါ၏။ ပင်လယ်မြက်ပင်သည် အကျွန်ုပ်ခေါင်းကို ပေါင်းစည်းလျက်ရှိပါ၏။6 တောင်ခြေရင်းအမြစ်သို့ အကျွန်ုပ်ဆင်း၍၊ မြေ ကန့်လန့်ကျင်အတွင်း၌ အစဉ်အမြဲပိတ်ထားသော်လည်း၊ အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်အသက်ကို ပျက်စီးရာမှ ကယ်ဆယ်တော်မူလိမ့် မည်။7 အကျွန်ုပ်သည် စိတ်ပျက်သောအခါ ထာဝရဘုရား ကို အောက်မေ့၍၊ အကျွန်ုပ်၏ပဌနာသည် သန့်ရှင်းသော ဗိမာန်တော်၌ ကိုယ်တော်ထံသို့ ဝင်ပါ၏။8 မုသာအနတ္တကို မှီဝဲသောသူတို့သည် မိမိတို့ ကရုဏာခံရာအကြောင်းကို စွန့်ပစ်ကြပါ၏။9 အကျွန်ုပ်မူကား၊ ကျေးဇူးတော်ကို ချီးမွမ်းသော စကားနှင့် ကိုယ်တော်အား ယဇ်ပူဇော်ပါမည်။ သစ္စာဂတိ ထားသည်အတိုင်း သစ္စာဝတ်ကို ပြုပါမည်။ ထာဝရ ဘုရား၏ ကျေးဇူးတော်ကြောင့် ချမ်းသာရပါသည်ဟု ဆုတောင်းလေ၏။

10 ထိုအခါ ငါးကြီးသည် ထာဝရဘုရား၏ အမိန့် တော်ကို ခံ၍ ယောနကို ကုန်းပေါ်သို့ အန်လေ၏။

 
adsfree-icon
Ads FreeProfile