Lectionary Calendar
Wednesday, April 22nd, 2026
the Third Week after Easter
Attention!
StudyLight.org has pledged to help build churches in Uganda. Help us with that pledge and support pastors in the heart of Africa.
Click here to join the effort!

Read the Bible

Myanmar Judson Bible

ဂျာမနီယာ 45

1 ယုဒရှင်ဘုရင်ယောရှိသား ယောယကိမ် လက်ထက်၊ နေရိသားဗာရုတ်သည်၊ ယေရမိမြွက်ဆိုသည် အတိုင်း၊ စကားတော်များကို စာ၌ ရေးထားသောနောက်၊ ပရောဖက်ယေရမိသည် ဗာရုတ်အားဆင့်ဆိုရသော နှုတ် ကပတ်တော်ဟူမူကား၊2 အိုဗာရုတ်၊ သင်က၊ ငါသည်အမင်္ဂလာရှိ၏။ ထာဝရဘုရားသည် ငါဝမ်းနည်းစရာ အကြောင်းတပါး အပေါ်မှာတပါးကို ထပ်ဆင့်တော်မူသောကြောင့်၊ ငါသည် သက်သာမရ။ ညည်းတွား၍ စိတ်ပျက်ပါပြီဟု ဆိုသည်ဖြစ်၍၊ သင်သည်ဆင့်ဆိုရမည်မှာ၊ ဣသရေလ အမျိုး၏ ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသည် ကား၊ ငါဆောက်သောအရာကို ငါဖြိုဖျက်မည်။ ငါစိုက် သော အရာတည်းဟူသော ဤပြည်ကို အကြွင်းမဲ့ ငါနှုတ် ပစ်မည်။3 အိုဗာရုတ်၊ သင်က၊ ငါသည်အမင်္ဂလာရှိ၏။ ထာဝရဘုရားသည် ငါဝမ်းနည်းစရာ အကြောင်းတပါး အပေါ်မှာတပါးကို ထပ်ဆင့်တော်မူသောကြောင့်၊ ငါသည် သက်သာမရ။ ညည်းတွား၍ စိတ်ပျက်ပါပြီဟု ဆိုသည်ဖြစ်၍၊ သင်သည်ဆင့်ဆိုရမည်မှာ၊ ဣသရေလ အမျိုး၏ ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသည် ကား၊ ငါဆောက်သောအရာကို ငါဖြိုဖျက်မည်။ ငါစိုက် သော အရာတည်းဟူသော ဤပြည်ကို အကြွင်းမဲ့ ငါနှုတ် ပစ်မည်။4 အိုဗာရုတ်၊ သင်က၊ ငါသည်အမင်္ဂလာရှိ၏။ ထာဝရဘုရားသည် ငါဝမ်းနည်းစရာ အကြောင်းတပါး အပေါ်မှာတပါးကို ထပ်ဆင့်တော်မူသောကြောင့်၊ ငါသည် သက်သာမရ။ ညည်းတွား၍ စိတ်ပျက်ပါပြီဟု ဆိုသည်ဖြစ်၍၊ သင်သည်ဆင့်ဆိုရမည်မှာ၊ ဣသရေလ အမျိုး၏ ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသည် ကား၊ ငါဆောက်သောအရာကို ငါဖြိုဖျက်မည်။ ငါစိုက် သော အရာတည်းဟူသော ဤပြည်ကို အကြွင်းမဲ့ ငါနှုတ် ပစ်မည်။5 သင်သည် ကြီးစွာသော အရာတို့ကို ကိုယ်အဘို့ ရှာသလော။ မရှာနှင့်။ အကြောင်းမူကား၊ ငါသည် ခပ်သိမ်းသော သတ္တဝါတို့အပေါ်သို့ ဘေးရောက်စေမည်။ သို့ရာတွင်၊ သင်ရောက်လေရာအရပ်တို့၌၊ သင်၏ အသက်ကို လက်ရဥစ္စာကဲ့သို့ သင့်အားငါပေးမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။

 
adsfree-icon
Ads FreeProfile