Lectionary Calendar
Thursday, March 12th, 2026
the Third Week of Lent
There are 24 days til Easter!
Attention!
Tired of seeing ads while studying? Now you can enjoy an "Ads Free" version of the site for as little as 10¢ a day and support a great cause!
Click here to learn more!

Read the Bible

Myanmar Judson Bible

ဟေ့ဗြုဘေး 6

1 ထိုကြောင့်၊ သေခြင်းနှင့်စပ်ဆိုင်သော အကျင့်ကို နောင်တရခြင်း၊ ဘုရားသခင်ကို ယုံကြည်ခြင်း၊ ဗတ္တိဇံ တရားကိုသွန်သင်ခြင်း၊ လက်ကိုတင်ခြင်း၊ သေလွန်သော သူတို့၏ထမြောက်ခြင်း၊ ထာဝရစီရင် ဆုံးဖြတ်ခြင်းတည်းဟူသော မူလအမြစ်ကို ငါတို့သည် ပြန်၍ မတည်ဘဲ၊2 ခရစ်တော်၏ဘာသာ၌ အစအဦးဖြစ် သော အကြောင်းအရာတို့ကိုထား၍၊ စုံလင်သောအဖြစ် သို့ တက်ကြကုန်အံ့။3 ဘုရားသခင်အခွင့်ပေးတော်မူလျှင်၊ ငါတို့သည် ထိုသို့ပြုကြမည်။4 အလင်းသို့တခါရောက်၍ ကောင်းကင်ဆုကျေးဇူးကို မြည်းစမ်းခြင်း၊ သန့်ရှင်းသော ဝိညာဉ်တော် ကိုခံယူခြင်း၊5 ဘုရားသခင်၏ ကောင်းမြတ်သော တရားစကားကို၎င်း၊ နောင်ကပ်ကာလ၏ တန်ခိုးများကို၎င်း၊ မြည်းစမ်းခြင်းရှိပြီးမှ၊6 ရွေ့လျော့ဖေါက်ပြန်သောသူတို့သည်၊ မိမိတို့တွင် ဘုရားသခင်၏သားတော်ကို လက်ဝါးကပ်တိုင်မှာ ကွပ်မျက်၍ အသရေတော်ကို ရှုတ်ချသောသူဖြစ်သောကြောင့်၊ နောက်တဖန်နောင်တရအံ့သောငှါ အသစ် ပြုပြင်ခြင်းသို့ မရောက်နိုင်ကြ။7 ဥပမာကား၊ အကြင်မြေသည် မိမိအပေါ်သို့အဖန်ဖန်ကျသော မိုဃ်းရေကိုသောက်၍၊ လုပ်သော သူသုံးဘို့ ဟင်းသီးဟင်းရွက်ကို ဖြစ်စေတတ်၏။ ထိုမြေသည် ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာကို ခံတတ်၏။8 အကြင်မြေသည် ဆူးပင်အမျိုးမျိုးကိုဖြစ်စေတတ်၏။ ထိုမြေသည် ပြုစုခြင်းကိုမခံထိုက်။ ကျိန်ခြင်းကို ခံရသော အချိန်နီးသည် ဖြစ်၍၊ နောက်ဆုံး၌ မီးရှို့ခြင်းသို့ ရောက်တတ်၏။

9 ထိုသို့ပြောသော်လည်း၊ ချစ်သူတို့၊ သင်တို့သည် ကယ်တင်ခြင်းနှင့် ယှဉ်သောအရာ၊ သာ၍ကောင်းသောအရာတို့နှင့် ဆိုင်သည်ကို၊ ငါတို့သည် သဘောကျလျက်ရှိကြ၏။10 အကြောင်းမူကား၊ သင်တို့သည် သန့်ရှင်းသူတို့ကို အထက်က လုပ်ကျွေးသည်သာမက၊ ယခုပင် လုပ် ကျွေးခြင်းအမှုကို၎င်း၊ ထိုသို့ပြုသောအားဖြင့် နာမတော်ကိုထောက်၍ ပြသောမေတ္တာကို၎င်း၊ ဘုရားသခင်သည် မေ့လျော့သည်တိုင်အောင် အဓမ္မအမှုကို ပြုတော်မူသည်မဟုတ်။11 သင်တို့ရှိသမျှသည် ပျင်းရိခြင်းနှင့် ကင်းလွတ်၍၊ ယုံကြည်ခြင်းနှင့် သည်းခံခြင်းအားဖြင့် ဂတိတော် တို့ကို အမွေခံရသောသူတို့ နည်းတူကျင့်နိုင်မည်အကြောင်း၊12 ထိုသို့သော လုံ့လဝိရိယကို ထုတ်၍၊ အဆုံးတိုင်အောင် ယုံမှားခြင်းနှင့်ကင်းသော မြော်လင့်ခြင်းနှင့် ပြည့်စုံစေခြင်းငှါ ငါတို့သည် အလိုရှိကြ၏။13 ဘုရားသခင်သည် အာဗြဟံ၌ ဂတိထားတော်မူသောအခါ၊ ကိုယ်တော်ထက်သာ၍ ကြီးမြတ်သောသူကို တိုင်တည်၍ ကျိန်ဆိုရန် မရှိသောကြောင့်၊ ကိုယ်တော်ကို တိုင်တည်၍၊14 ငါသည်သင့်အား အစဉ်အမြဲကောင်းကြီးပေးမည်။ သင့်ကို အစဉ်အမြဲပွါးများစေမည်ဟု ကျိန်ဆို တော်မူ၏။15 ထိုသို့နှင့်အညီအာဗြဟံသည် သည်းခံလျက် စောင့်နေပြီးမှ၊ ဂတိတော်ကိုဝင်စားလေ၏။16 လူတို့သည် မိမိထက်ကြီးမြတ်သောသူကို တိုင်တည်၍ ကျိန်ဆိုလေ့ရှိကြ၏။ မြဲမြံစေတတ်သော အကျိန်သည် ငြင်းခုံခြင်းရှိသမျှကို ဖြေတတ်၏။17 ထိုကြောင့်၊ ဂတိတော်ကို အမွေခံရသောသူတို့သည်၊ ဘုရားသခင်၏ အကြံအစည်တော်မဖေါက်ပြန်နိုင် ကြောင်းကို အတပ်သိစေခြင်းငှါ၊ ဘုရားသခင်သည် အကျိန်အားဖြင့် အာမခံတော်မူ၏။18 အကြောင်းမူကား၊ ဘုရားသခင်သည် မုသာမသုံးနိုင်သော အရာတည်းဟူသော မဖောက်ပြန် မပြောင်းလဲနိုင်သော အရာနှစ်ပါးကို အမှီပြု၍၊ ကိုယ်ရှေ့၌ထားသော မြော်လင့်ရာကို ခိုလှုံခြင်းငှါ ပြေးသော ငါတို့သည် သက်သာအားကြီးကြမည်အကြောင်းတည်း။19 ထိုမြော်လင့်ခြင်းမူကား၊ ကုလားကာအတွင်း၌ချ၍ မြဲမြံခိုင်ခံ့သော စိတ်နှလုံး၏ကျောက်ဆူးကဲ့သို့ ငါတို့၌ရှိသတည်း။20 မေလခိဇေဒက်နည်းတူ ထာဝရယဇ်ပုရောဟိတ်မင်း ဖြစ်သော ယေရှုသည်၊ ငါတို့အတွက်၊ ထိုအတွင်း အရပ်ထဲသို့ ရှေ့ဆောင်၍ ဝင်သောသူဖြစ်တော်မူ၏။

 
adsfree-icon
Ads FreeProfile