Lectionary Calendar
Thursday, November 27th, 2025
the Week of Christ the King / Proper 29 / Ordinary 34
Attention!
Take your personal ministry to the Next Level by helping StudyLight build churches and supporting pastors in Uganda.
Click here to join the effort!

Read the Bible

Myanmar Judson Bible

ဂီဆိုသုံး 28

1 ထိုအခါ ဣဇာက်သည် ယာကုပ်ကို ခေါ်၍၊ သင်သည် ခါနာန်အမျိုးသမီးနှင့် အိမ်ထောင်ဘက်မပြုရ။2 အမိ၏အဘ ဗေသွေလအမျိုးသားနေရာ ပါဒ နာရံအရပ်သို့ ထ၍ သွားလော့။ သင့်ဦးရီးလာဗန်၏ သမီးတစုံတယောက်နှင့် အိမ်ထောင်ဘက်ပြုလော့။3 အနန္တတန်ခိုးရှင် ဘုရားသခင်သည် ကောင်းကြီး ပေး၍ တိုးပွားစေသဖြင့်၊ သင်သည် အမျိုးကြီးဖြစ်မည် အကြောင်းနှင့် များပြားစေတော်မူစေသတည်း။4 အထက်က အာဗြဟံအား ပေးတော်မူ၍၊ သင် ယခု ဧည့်သည်ဖြစ်လျက်နေသော ဤပြည်ကို၊ သင်အမွေ ခံရမည်အကြောင်း၊ သင့်အား၎င်း၊ သင်၏အမျိုးအနွယ် အား၎င်း၊ အာဗြဟံ၏ ကောင်းကြီးမင်္ဂလာကို ပေးတော် မူစေသတည်းဟု ကောင်းကြီးပေးလျက်မှာထား၍ လွှတ် လိုက်လေ၏။5 ထိုသို့ ယာကုပ်နှင့် ဧသော၏ အမိ၊ ရေက္ကေ၏ မောင်၊ ရှုရိလူဗေသွေလသား လာဗန်နေရာ ပါဒနာရံပြည် သို့ ယာကုပ်သွားလေ၏။

6 ထိုသို့ ဣဇာက်သည် ယာကုပ်ကို ကောင်းကြီး ပေး၍၊ ပါဒနာရံပြည်၌ အိမ်ထောင်ဘက်ပြုစေခြင်းငှါ လွှတ်လိုက်သောအကြောင်းကို၎င်း၊ ခါနာန်အမျိုးသမီးနှင့် အိမ်ထောင်ဘက်မပြုရဟု၊ ကောင်းကြီးပေးသောအခါ မှာထားကြောင်းကို၎င်း၊7 ယာကုပ်သည် မိဘစကားကို နားထောင်၍၊ ပါဒနာရံပြည်သို့ သွားကြောင်းကို၎င်း၊8 ခါနာန်အမျိုးသမီးတို့ကို အဘဣဇာက် မနှစ်သက်ကြောင်းကို၎င်း၊ ဧသောသိမြင်လျှင်၊9 ဣရှမေလထံသို့သွား၍ အထက်မယားတို့မှ တပါး၊ အာဗြဟံသား ဣရှမေလသမီး၊ နဗာယုတ်နှမ၊ မဟာလတ်နှင့် တဖန် အိမ်ထောင်ဘက် ပြုပြန်လေ၏။

10 ယာကုပ်သည် ဗေရရှေဘရွာမှ ထွက်၍၊ ခါရန် ပြည်သို့ ခရီးသွားစဉ်တွင်၊11 တစုံတခုသောအရပ်သို့ရောက်၍၊ မိုဃ်းချုပ် သောကြောင့်၊ ညဉ့်ကို လွန်စေမည်အကြံရှိသည်နှင့်၊ ထိုအရပ်၌ ကျောက်ကိုယူ၍ ခေါင်းအုံးဘို့ ထားပြီးလျှင် အိပ်လေ၏။12 မြင်ရသော အိပ်မက်ဟူမူကား၊ မြေကြီးပေါ်၌ လှေကားထောင်လျက် အဖျားသည် မိုဃ်းကောင်းကင် တိုင်အောင်မှီ၏။ ဘုရားသခင်၏ ကောင်းကင်တမန်တို့ သည်၊ ထိုလှေကားဖြင့် ဆင်းလျက် တက်လျက်ရှိကြ၏။13 ထာဝရဘုရားသည် လှေကားထက်၌ ရပ်တော်မူ လျက်၊ ငါသည် သင်၏အဘ အာဗြဟံဘုရား၊ ဣဇာက်၏ ဘုရားတည်းဟူသော ထာဝရဘုရားဖြစ်၏။ သင်အိပ် သော မြေကို သင်နှင့်သင်၏ အမျိုးအနွယ်အား ငါပေး မည်။14 သင်၏အမျိုးအနွယ်သည် မြေမှုန့်ကဲ့သို့ များပြား လိမ့်မည်။ အရှေ့၊ အနောက်၊ တောင်၊ မြောက်၊ လေးမျက်နှာ အရပ်တို့သို့နှံ့ပြားကြလိမ့်မည်။ သင်နှင့်သင်၏အမျိုး အနွယ်အားဖြင့် လူမျိုးအပေါင်းတို့သည် ကောင်းကြီး မင်္ဂလာကို ခံကြရလိမ့်မည်။15 ငါသည် သင့်ဘက်မှာရှိ၏။ သင်သွားလေရာ ရာ၌ ငါစောင့်မမည်။ ဤပြည်သို့တဖန် ဆောင်ခဲ့ဦးမည်။ ဂတိထားသည်အတိုင်း မပြည့်စုံမှီ၊ သင့်ကိုငါမစွန့်ဟု မိန့်တော်မူ၏။

16 ယာကုပ်သည်အိပ်ပျော်ရာမှ နိုးလျင်၊ အကယ်စင်စစ် ထာဝရဘုရားသည် ဤအရပ်၌ရှိတော်မူ၏။ ရှိတော်မူကြောင်းကို ငါမသိ။17 ဤအရပ်ကား၊ အဘယ်မျှလောက် ကြောက်မက် ဘွယ် ဖြစ်သည်တကား။ ဤအရပ်ကား၊ အခြားမဟုတ်၊ ဘုရားသခင်၏ ဘုံဗိမာန်၊ ကောင်းကင်တံခါးဝ ဖြစ်သည် တကားဟု၊ ကြောက်ရွံ့ခြင်းသို့ ရောက်၍ ဆို၏။18 နံနက်စောစော ယာကုပ်သည်ထ၍၊ ခေါင်းအုံး သော ကျောက်ကို ယူသဖြင့်၊ မှတ်တိုင်ဖြစ်စေလျက် ထူ ထောင်ပြီးလျှင်၊ ကျောက်ထိပ်ဖျားအပေါ်၌ ဆီကို လောင်းလေ၏။19 ထိုအရပ်ကိုလည်း၊ ဗေသလအမည်ဖြင့် မှည့် လေ၏။ ထိုမြို့၏ အမည်ဟောင်းကား၊ ဥလံလုဇဟူ သတည်း။20 ထိုအခါ ယာကုပ်က၊ ဘုရားသခင်သည် ငါ့ဘက် ၌ ရှိလျက်၊ ငါယခုသွားရာလမ်းမှာ၊ငါ့ကိုစောင့်မ၍ စားစရာအစား၊ ဝတ်စရာအဝတ်ကို ပေးသနားတော်မူ လျှင်၎င်း၊21 ငါသည် တဖန် အဘ၏အိမ်သို့ ငြိမ်ဝပ်စွာ ပြန် ရောက်၍၊ ထာဝရဘုရားသည်ငါ၏ဘုရား ဖြစ်တော်မူ လျှင်၎င်း၊ မှတ်တိုင်ပြု၍ ငါထူထောင်သော ဤကျောက် သည်လည်း၊ဘုရားသခင်၏ ဗိမာန်ဖြစ်ရမည်။22 ပေးသနားတော်မူသမျှတို့ကို ဆယ်ဘို့တဘို့ ပူဇော်ပါမည်ဟူ၍ သစ္စာပြုလေ၏။

 
adsfree-icon
Ads FreeProfile