Lectionary Calendar
Friday, February 20th, 2026
the Last Week after Epiphany
There are 44 days til Easter!
Attention!
Tired of seeing ads while studying? Now you can enjoy an "Ads Free" version of the site for as little as 10¢ a day and support a great cause!
Click here to learn more!

Read the Bible

Myanmar Judson Bible

ဒုဒ္ဓဘ်နှစ် 13

1 ဤတတိယအကြိမ်တွင် သင်တို့ဆီသို့ ငါလာမည်ဖြစ်၍၊ သက်သေခံနှစ်ဦးသုံးဦးအားဖြင့် စကားရှိသမျှ တို့သည် တည်ရလိမ့်မည်။2 တဖန်ငါရောက်လာလျှင် သင်တို့ကိုမသနားရဟု ပြစ်မှားသော သူမှစ၍ကြွင်းသော သူအပေါင်းတို့အား အထက်က ငါပြောသည်သာမက၊ ယခုပင်သင်တို့နှင့်အတူ မရှိသော်လည်း၊ တဖန်ရှိဘိသကဲ့သို့ငါပြောနှင့်၏။3 သင်တို့တွင်အားနည်းတော်မမူ၊ အားကြီးတော်မူသော ခရစ်တော်သည် ငါ၌ဗျာဒိဏ်ပြတော်မူခြင်း သက်သေကို သင်တို့သည် ရှာသောကြောင့်၊ ငါရောက် လာသောအခါ မသနားရ။4 အကြောင်းမူကား၊ ထိုခရစ်တော်သည် အားနည်းခြင်းနှင့်လက်ဝါးကပ်တိုင်မှာ အသေခံသော်လည်း၊ ဘုရားသခင်၏တန်ခိုးတော်နှင့် အသက်ရှင်တော်မူ၏။ ငါတို့သည်လည်း ခရစ်တော်၏နည်းတူ အားနည်း သော်လည်း၊ သင်တို့တွင်ပြသော ဘုရားသခင်၏ တန်ခိုး တော်အားဖြင့် ခရစ်တော်နှင့်အတူ အသက်ရှင်ခြင်း ရှိကြလိမ့်မည်။5 သင်တို့သည်ယုံကြည်ခြင်း၌တည်သလော၊ မတည်လောဟု ကိုယ်ကိုကိုယ်စစ်ကြောကြလော့။ ကိုယ်ကို ကိုယ်စုံစမ်းကြလော့။ အစစ်မခံနိုင်သော သူမမှန်လျှင်၊ ယေရှုခရစ်သည် သင်တို့၌ တည်တော်မူသည်ဟု ကိုယ် အကြောင်းကိုယ်မသိကြလော။6 ငါတို့သည် အစစ်ခံနိုင်သောသူဖြစ်သည်ကို သင်တို့သိကြလိမ့်မည်ဟု ငါထင်မှတ်မြော်လင့်ခြင်းရှိ၏။

7 ငါတို့သည် အစစ်ခံနိုင်ကြောင်းကို ထင်ရှားစေခြင်းငှါ ငါအလိုရှိသည်မဟုတ်။ အစစ်မခံနိုင်သော သူကဲ့သို့ထင်သော်လည်း၊ သင်တို့သည် ကောင်းမွန်စွာ ကျင့်စေခြင်းငှါ၊ မကောင်းသောအကျင့်တစုံတခုကိုမျှ မကျင့်မည်အကြောင်း၊ ငါသည် ဘုရားသခင်ကို ဆုတောင်းပဌနာပြု၏။8 ငါတို့သည်သမ္မာတရားကို ဆီးတားခြင်းငှါ အလျှင်းမတတ်နိုင်ကြ။9 သမ္မာတရားဘက်၌နေ၍သာ တတ်နိုင်ကြ၏။ ငါတို့သည်အားနည်း၍ သင်တို့သည်အားကြီးသောအခါ၊ ငါတို့သည် ဝမ်းမြောက်ခြင်းရှိကြ၏။ သင်တို့သည် စုံလင်မည်အကြောင်းကိုသာ အလိုရှိကြ၏။10 ထိုကြောင့် ပယ်ရှင်းဖျက်ဆီးခြင်းအလိုငှါမဟုတ်၊ တည်ဆောက်ခြင်းအလိုငှါ သခင်ဘုရားသည် ငါ၌ အပ်ပေးတော်မူသော တန်ခိုးရှိသည်အတိုင်း ငါသည် ရောက်လာသောအခါ ပြင်းစွာသောဒဏ်ကို မပေးလို၍၊ ယခုသင်တို့နှင့် ကွာဝေးသေးသည်ကာလ ဤသို့ ငါရေးလိုက်၏။

11 ကြွင်းသေးသောစကားဟူမူကား၊ ညီအစ်ကိုတို့၊ သင်တို့၌ မင်္ဂလာရှိပါစေသော။ စုံလင်ခြင်း၊ သက်သာ ဝမ်းမြောက်ခြင်းရှိကြလော့။ စိတ်တညီတညွတ်တည်း ဖြစ်၍၊ အချင်းချင်းအသင့်အတင့်နေကြလော့။ သို့ဖြစ်၍ မေတ္တာကို၎င်း၊ အသင့်အတင့်နေခြင်း ချမ်းသာကို၎င်း ပေးတော်မူသော ဘုရားသခင်သည် သင်တို့နှင့်အတူ ရှိတော်မူလတံ့။12 အချင်းချင်းတယောက်ကိုတယောက် သန့်ရှင်းသော နမ်းခြင်းနှင့် နှုတ်ဆက်ကြလော့။12 သန့်ရှင်းသူအပေါင်းတို့သည် သင်တို့ကို နှုတ်ဆက်ကြ၏။13 သခင်ယေရှုခရစ်၏ ကျေးဇူးတော်၎င်း၊ ဘုရားသခင်၏ မေတ္တာတော်၎င်း၊ သန့်ရှင်းသော ဝိညာဉ်တော်၏ မိဿဟာယတော်၎င်း၊ သင်တို့အပေါင်း၌ရှိစေသတည်း။ အာမင်။span data-lang="bur" data-trans="mjb" data-ref="2co.13.1" class="versetxt">1 ဤတတိယအကြိမ်တွင် သင်တို့ဆီသို့ ငါလာမည်ဖြစ်၍၊ သက်သေခံနှစ်ဦးသုံးဦးအားဖြင့် စကားရှိသမျှ တို့သည် တည်ရလိမ့်မည်။2 တဖန်ငါရောက်လာလျှင် သင်တို့ကိုမသနားရဟု ပြစ်မှားသော သူမှစ၍ကြွင်းသော သူအပေါင်းတို့အား အထက်က ငါပြောသည်သာမက၊ ယခုပင်သင်တို့နှင့်အတူ မရှိသော်လည်း၊ တဖန်ရှိဘိသကဲ့သို့ငါပြောနှင့်၏။3 သင်တို့တွင်အားနည်းတော်မမူ၊ အားကြီးတော်မူသော ခရစ်တော်သည် ငါ၌ဗျာဒိဏ်ပြတော်မူခြင်း သက်သေကို သင်တို့သည် ရှာသောကြောင့်၊ ငါရောက် လာသောအခါ မသနားရ။4 အကြောင်းမူကား၊ ထိုခရစ်တော်သည် အားနည်းခြင်းနှင့်လက်ဝါးကပ်တိုင်မှာ အသေခံသော်လည်း၊ ဘုရားသခင်၏တန်ခိုးတော်နှင့် အသက်ရှင်တော်မူ၏။ ငါတို့သည်လည်း ခရစ်တော်၏နည်းတူ အားနည်း သော်လည်း၊ သင်တို့တွင်ပြသော ဘုရားသခင်၏ တန်ခိုး တော်အားဖြင့် ခရစ်တော်နှင့်အတူ အသက်ရှင်ခြင်း ရှိကြလိမ့်မည်။5 သင်တို့သည်ယုံကြည်ခြင်း၌တည်သလော၊ မတည်လောဟု ကိုယ်ကိုကိုယ်စစ်ကြောကြလော့။ ကိုယ်ကို ကိုယ်စုံစမ်းကြလော့။ အစစ်မခံနိုင်သော သူမမှန်လျှင်၊ ယေရှုခရစ်သည် သင်တို့၌ တည်တော်မူသည်ဟု ကိုယ် အကြောင်းကိုယ်မသိကြလော။6 ငါတို့သည် အစစ်ခံနိုင်သောသူဖြစ်သည်ကို သင်တို့သိကြလိမ့်မည်ဟု ငါထင်မှတ်မြော်လင့်ခြင်းရှိ၏။

7 ငါတို့သည် အစစ်ခံနိုင်ကြောင်းကို ထင်ရှားစေခြင်းငှါ ငါအလိုရှိသည်မဟုတ်။ အစစ်မခံနိုင်သော သူကဲ့သို့ထင်သော်လည်း၊ သင်တို့သည် ကောင်းမွန်စွာ ကျင့်စေခြင်းငှါ၊ မကောင်းသောအကျင့်တစုံတခုကိုမျှ မကျင့်မည်အကြောင်း၊ ငါသည် ဘုရားသခင်ကို ဆုတောင်းပဌနာပြု၏။8 ငါတို့သည်သမ္မာတရားကို ဆီးတားခြင်းငှါ အလျှင်းမတတ်နိုင်ကြ။9 သမ္မာတရားဘက်၌နေ၍သာ တတ်နိုင်ကြ၏။ ငါတို့သည်အားနည်း၍ သင်တို့သည်အားကြီးသောအခါ၊ ငါတို့သည် ဝမ်းမြောက်ခြင်းရှိကြ၏။ သင်တို့သည် စုံလင်မည်အကြောင်းကိုသာ အလိုရှိကြ၏။10 ထိုကြောင့် ပယ်ရှင်းဖျက်ဆီးခြင်းအလိုငှါမဟုတ်၊ တည်ဆောက်ခြင်းအလိုငှါ သခင်ဘုရားသည် ငါ၌ အပ်ပေးတော်မူသော တန်ခိုးရှိသည်အတိုင်း ငါသည် ရောက်လာသောအခါ ပြင်းစွာသောဒဏ်ကို မပေးလို၍၊ ယခုသင်တို့နှင့် ကွာဝေးသေးသည်ကာလ ဤသို့ ငါရေးလိုက်၏။

11 ကြွင်းသေးသောစကားဟူမူကား၊ ညီအစ်ကိုတို့၊ သင်တို့၌ မင်္ဂလာရှိပါစေသော။ စုံလင်ခြင်း၊ သက်သာ ဝမ်းမြောက်ခြင်းရှိကြလော့။ စိတ်တညီတညွတ်တည်း ဖြစ်၍၊ အချင်းချင်းအသင့်အတင့်နေကြလော့။ သို့ဖြစ်၍ မေတ္တာကို၎င်း၊ အသင့်အတင့်နေခြင်း ချမ်းသာကို၎င်း ပေးတော်မူသော ဘုရားသခင်သည် သင်တို့နှင့်အတူ ရှိတော်မူလတံ့။12 အချင်းချင်းတယောက်ကိုတယောက် သန့်ရှင်းသော နမ်းခြင်းနှင့် နှုတ်ဆက်ကြလော့။12 သန့်ရှင်းသူအပေါင်းတို့သည် သင်တို့ကို နှုတ်ဆက်ကြ၏။13 သခင်ယေရှုခရစ်၏ ကျေးဇူးတော်၎င်း၊ ဘုရားသခင်၏ မေတ္တာတော်၎င်း၊ သန့်ရှင်းသော ဝိညာဉ်တော်၏ မိဿဟာယတော်၎င်း၊ သင်တို့အပေါင်း၌ရှိစေသတည်း။ အာမင်။

 
adsfree-icon
Ads FreeProfile