Lectionary Calendar
Thursday, November 27th, 2025
the Week of Christ the King / Proper 29 / Ordinary 34
Attention!
Take your personal ministry to the Next Level by helping StudyLight build churches and supporting pastors in Uganda.
Click here to join the effort!

Read the Bible

Myanmar Judson Bible

သမ္မာ ၃ 5

1 ရှောလမုန်ကို ခမည်းတော်အရာ၌ ဘိသိက်ပေး ကြောင်းကို တုရုမင်းကြီးဟိရံသည် ကြားလျှင်၊ ဒါဝိဒ်နှင့် အစဉ်မိတ်ဆွေဖွဲ့သော သူဖြစ်၍၊ မိမိကျွန်တို့ကို စေလွှတ် လေ၏။2 တဖန်ရှောလမုန်သည်လည်း၊ ဟိရံထံသို့ စေ လွှတ်လျက်၊3 ငါ့အဘဒါဝိဒ်သည် အရပ်ရပ်၌ စစ်တိုက်ရ သောကြောင့်၊ ထာဝရဘုရားသည် ရန်သူတို့ကို အဘခြေ ဘဝါးတော်အောက်သို့ နှိမ့်ချတော်မမူမှီတိုင်အောင်၊ မိမိဘုရားသခင်ထာဝရဘုရား၏ နာမတော်အဘို့ အိမ်တော်ကို မတည်မဆောက်ရဟု မင်းကြီးသိ၏။4 ယခုမူကား၊ ငါ၏ဘုရားသခင်ထာဝရဘုရား သည် အရပ်ရပ်၌ ငြိမ်ဝပ်မည်အကြောင်း စီရင်တော်မူ သဖြင့်၊ ရန်ဘက်ပြုသောသူ၊ ဆီးတားသောသူ မရှိသည် ဖြစ်၍၊5 ထာဝရဘုရားက၊ ငါ့အဘဒါဝိဒ်အား သင့် ကိုယ်စား သင်၏ရာဇပလ္လင်ပေါ်မှာ ငါတင်သော သင်၏ သားသည် ငါ့နာမအဘို့ အိမ်ကို တည်ဆောက်ရမည်ဟု မိန့်တော်မူသည်အတိုင်း၊ ငါ၏ဘုရားသခင် ထာဝရဘုရား ၏ နာမတော်အဘို့ အိမ်တော်ကို တည်ဆောက်မည်ဟု ငါအကြံရှိ၏။6 မင်းကြီး၏ ကျွန်တို့သည် ငါ့အဘို့ လေဗနုန် တောင်ပေါ်မှာ အာရဇ်ပင်တို့ကို ခုတ်လှဲစေခြင်းငှါ စီရင် ပါ။ ငါ့ကျွန်တို့သည် မင်းကြီးကျွန်တို့နှင့်ဝိုင်း၍ လုပ်ကိုင် ကြလိမ့်မည်။ မင်းကြီးစီရင်သည်အတိုင်း၊ မင်းကြီး၏ ကျွန်တို့အား အခကိုပေးပါမည်။ ဇိဒုန်အမျိုးသားတို့သည် သစ်ခုတ်တတ်သကဲ့သို့ ငါ့တို့တွင် အဘယ်သူမျှ ခုတ်တတ် သည်ကို မင်းကြီးသိသည်ဟု မှာလိုက်လေ၏။7 ရှောလမုန်မင်း၏စကားကို ဟိရံမင်းသည် ကြား လျှင် အလွန်ဝမ်းမြောက်၍၊ ထိုလူမျိုးကြီးကို အစိုးရသော သားကို ဒါဝိဒ်အားပေးတော်မူသော ထာဝရဘုရားသည် ယနေ့မင်္ဂလာရှိတော်မူစေသတည်းဟု ဆိုလျက်၊8 မင်းကြီးမှာလိုက်သော အမှုကို ငါဆင်ခြင်ပြီ။ အာရဇ်သစ်သား၊ ထင်ရူးသစ်သားလိုသမျှကို ပေးပါမည်။9 ငါ့ကျွန်တို့သည် လေဗနုန်တောင်မှ ပင်လယ်သို့ ချပြီးလျှင်၊ ဘောင်လုပ်၍ မင်းကြီးစီရင်သောအရပ်သို့ ပင်လယ်လမ်းဖြင့် ဆောင်ခဲ့၍၊ ထိုအရပ်၌အပ်သဖြင့် မင်းကြီးခံယူရမည်။ မင်းကြီးသည်လည်း၊ ငါ၏နန်းတော် သားစားစရာရိက္ခာကိုပေး၍ ငါ့အလိုကိုလည်း ပြည့်စုံ စေရမည်ဟု ရှောလမုန်ထံသို့ လူကိုစေလွှတ်၍ ပြန်ပြော ၏။

10 ထိုသို့ဟိရံသည် ရှောလမုန် အလိုရှိသမျှသော အာရဇ်သစ်သား၊ ထင်းရူးသစ်သားကို ပေး၏။11 ရှောလမုန်သည်လည်း၊ ဟိရံ၏နန်းတော်သား များ စားစရာဘို့ တနှစ်တနှစ်လျှင် ဂျုံဆန်ကောရ နှစ်သောင်း၊ စစ်ပြီးသော ဆီကောရနှစ်ဆယ်ကို ပေး၏။12 ထာဝရဘုရားသည်လည်း၊ ဂတိတော်ရှိသည် အတိုင်း၊ ရှောလမုန်အား ပညာကိုပေးတော်မူ၏။ ဟိရံမင်းနှင့်ရှောလမုန်မင်းနှစ်ပါးတို့သည် စစ်တိုက်ခြင်း မရှိ။ မိဿဟာယဖွဲ့ကြ၏။13 ရှောလမုန်မင်းကြီးသည်လည်း၊ ဣသရေလလူ အပေါင်းတို့တွင် လူသုံးသောင်းတို့ကို ခွဲခန့်၍၊14 အလှည့်အလှည့်တလလျှင်တသောင်းစီ၊ လေဗနုန် တောင်သို့ စေလွှတ်သဖြင့်၊ ထိုလူတို့သည် လေဗနုန်တောင် ပေါ်မှာတလ၊ ကိုယ်နေရာအရပ်၌ နှစ်လနေရကြ၏။ ထိုလူ တို့ကို အဒေါနိရံအုပ်ရ၏။15 ထမ်းရွက်သောသူခုနစ်သောင်း၊ တောင်ရိုးပေါ် မှာ သစ်ခုတ်သောသူရှစ်သောင်းတို့ကိုလည်း စေခိုင်းတော် မူ၍၊16 အုပ်ချုပ်သောမင်းအရာရှိမှတပါး လုပ်ဆောင်သော သူတို့ကို စီရင်သောသူ သုံးထောင်သုံးရာရှိ၏။17 ရှင်ဘုရင်၏ အမိန့်တော်အတိုင်း အိမ်တော် တိုက်မြစ်အဘို့ ကြီးသောကျောက်၊ အဘိုးထိုက်သော ကျောက်၊ ဆစ်ပြီးသောကျောက်တို့ကို ဆောင်ခဲ့ကြ၏။18 ထိုသို့ရှောလမုန်မင်း၏ လက်သမားတို့နှင့် ဟိရံမင်း၏လက်သမားတို့သည် ဂေဗာလအမျိုးသားတို့ နှင့်တကွ၊ အိမ်တော်ကို တည်ဆောက်စရာဘို့ သစ်သား များ၊ ကျောက်များတို့ကို ပြင်ဆင်ကြ၏။

 
adsfree-icon
Ads FreeProfile